What's happening?

Action

Action

Nov. 15, 2019India158 Min.N/A
Your rating: 0
8 1 vote

Synopsis

တမီးလ်မင်းသားချော ဗီရှော(Vishal)ကို ရှားလော့ဟုမ်းဆန်ဆန် စုံထောက် ဇာတ်ကားတစ်ကားဖြစ်တဲ့ Thupparivaalan (2017) ဇာတ်ကားနဲ့မနှစ်ကထွက်ခဲ့တဲ့ ဘဏ်ဟက်ကာဇာတ်ကား Irumbu Thirai (2018) တို့မှာ တောင်ပိုင်းကားပရိတ်သတ်တွေ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။အရပ်မြင့်မြင့် ဘော်ဒီအချိုးအဆစ်ကျပုံကြောင့် အက်ရှင် ၊ စုံထောက် ၊ အကြမ်းဖက်နှိမ်နင်းရေး ဇာတ်ကားတွေနဲ့ ဗီရှောဟာ လိုက်ဖက်တယ်လို့ ဆိုရမှာပါ။ဒီကားကလည်း စုံထောက်ဆန်ဆန် ၊ အေးဂျင့်ကားဆန်ဆန်နဲ့ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ကာနယ်လ်ဆူဘာ့ရှ်အကြောင်းပါပဲ။
နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ ဖခင်ကြီးနဲ့ ၊ သူ့အကိုဖြစ်သူတို့ နိုင်ငံရေးဟောပြောပွဲတစ်ခုရဲ့ စင်မြင့်ပေါ်မှာ မထင်မှတ်ပဲ ဗုံးဖောက်ခွဲ လုပ်ကြံခံရပြီးနောက်ပိုင်း. . .ကာနယ်လ်ဆူဘာ့ရှ်တစ်ယောက် လက်သည်တရားခံကို ဘယ်လိုလိုက်ရှာ ချေမှုန်းမလဲဆိုတာကို. . .ရိုက်ပြထားတာပါ။နိုင်ငံရေးလောကဆိုတာ အင်မတန်ရှုပ်ထွေးပွေလီလှပြီး ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေ လက်ဝါးချင်းရိုက် ပူးပေါင်းသွားရင် ဘာတွေ ဖြစ်လာတတ်သလဲ. . .ပြိုင်ဘက်နိုင်ငံတွေ တစ်ဖက်နဲ့တစ်ဖက် အင်အားပြိုင်ကြတဲ့အခါ. . .ကြားမှာ မြေစာပြင်ဖြစ်ရသူတွေက ဘယ်သူတွေ ဖြစ်မလဲ. . .အိုဗာအက်ရှင်တွေ အတော့်ကို နည်းပါးတဲ့အတွက်. . .မည်သူမဆို ပေါ့ပေါ့ပါးပါး ကြည့်ရှုအားပေးနိုင်ပါတယ်။ဗီရှောနဲ့ တွဲဖက်ပြီး အားဖြည့်သရုပ်ဆောင်ထားသူက ဘာဟူဘာလီဇာတ်ကားထဲက မင်းသမီးချော တမန်နားဟ်(Tamannaah) ဖြစ်ပါတယ်။

Action
Action
Action
Action
Original title ஆக்‌ஷன்
IMDb Rating 4.6 996 votes
TMDb Rating 5.9 10 votes

Director

Sundar C
Director

Cast

Similar titles

Eternals
Lara Croft: Tomb Raider – The Cradle of Life
Savaged
The Fate of the Furious
Minnal Murali
Ant-Man and the Wasp
Godzilla
Solo: A Star Wars Story
Soul Hunters
Pon Manickavel
Squad
American Sicario

Leave a comment

Name *
Add a display name
Email *
Your email address will not be published