What's happening?

Kaithi

Kaithi

Oct. 25, 2019India147 Min.N/A
Your rating: 0
8 1 vote

Synopsis

ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ မှောင်ခိုပစ္စည်းပိုင်ရှင်တွေ အကွက်ချစီမံထားတာပဲ။ဒီအချိန်မှာ အရာရှိအားလုံးကို တစ်ခြားနေရာကို ချက်ချင်းပို့ဖို့ အကြောင်းဖန်လာတာကြောင့်. . .ညနေခင်းကမှ သူ့အရာရှိတစ်ချို့ ဖမ်းဆီးလာတဲ့ ဂျစ်ကားပေါ်က ဒီလီဆိုသူကို ကုန်တင်ကားကြီးနဲ့ အရာရှိအားလုံးကို တင်ပို့ဖို့ စီစဉ်ပါတယ်။ဒီလီ. . . ဒီလီဆိုတာက ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ လူပါ။မွေးကတည်းက ဆယ်နှစ်ကြာတဲ့အထိ မမြင်ဖူးခဲ့တဲ့ သမီးလေးရှိရာ မိဘမဲ့ကျောင်းမှာရှိတဲ့ သမီးငယ်ကို သူ သွားတွေ့မှာ။ဒီလိုအချိန်မှာ. . . အင်စပက်တာ ခိုင်းစေတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား. . .သူ့သမီးလေးနဲ့ တွေ့ခွင့်ရပါ့မလား. . .ဒီကားက အကတွေ ၊ သီချင်းတွေ လုံးဝမပါသလို မင်းသမီးလည်း မပါတဲ့ Non-Stop Thrilling ရသကို ပေးစွမ်းနိုင်တဲ့ ကားပါ။တောင်ပိုင်းကား ပရိတ်သတ်တွေအပြင် တစ်ခြား အက်ရှင်ကားပရိတ်သတ်တွေပါ အားပေးနိုင်ပါတယ်။ (Over-Action မဆိုသလောက်သာ ပါပါတယ်)

Kaithi
Kaithi
Kaithi
Original title கைதி
IMDb Rating 8.5 20,678 votes
TMDb Rating 7.7 50 votes

Similar titles

Red Stone
Vinaya Vidheya Rama
The Guardian
Chhorii
Drug War
Plan A
Blood Red Sky
A House on the Bayou
Culture Shock
I See You
Motherly
Mother/Android

Leave a comment

Name *
Add a display name
Email *
Your email address will not be published